back

နေပြည်တော်အမြန်လမ်းဘေး၌ ဗုဒ္ဓဥယျာဉ်နှင့် နေရေးအခက်ကြုံသူများအတွက် နေအိမ်များတည်ဆောက်နေ

Feb 24 • 2:38 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်အမြန်လမ်းဘေး၌ ဗုဒ္ဓဥယျာဉ်နှင့် နေရေးအခက်ကြုံသူများအတွက် နေအိမ်များတည်ဆောက်နေ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေး၊ နေပြည်တော်အထွက်မိုင်တိုင်အမှတ်(၂၀၃)မိုင်မှာ သဘာဝတရားရိပ်သာ ဗုဒ္ဓဥယျာဉ်တော်ကြီးကိုစတင်အကောင်အထည်ဖော်တည်ဆောက်နေသလို အဲဒီအနောက်ဘက...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေး၊ နေပြည်တော်အထွက်မိုင်တိုင်အမှတ်(၂၀၃)မိုင်မှာ သဘာဝတရားရိပ်သာ ဗုဒ္ဓဥယျာဉ်တော်ကြီးကိုစတင်အကောင်အထည်ဖော်တည်ဆောက်နေသလို အဲဒီအနောက်ဘက်ခြမ်းကမြေဧက (၁၅)ဧကပေါ်မှာလည်း နေထိုင်ရေးအခက်အခဲရှိနေသူတွေ နေထိုင်နိုင်ဖို့အတွက် စေတနာကူညီကယ်ဆယ်ရေးရွာအဖြစ် နေအိမ်တွေစတင်တည်ဆောက်နေတယ်လို့ သဘာဝတရားရိပ်သာဆရာတော်ရဲ့ မိန့်ကြားချက်အရ သိရပါသည်။အဲဒီစေတနာကူညီကယ်ဆယ်ရွာမှာ နေထိုင်ရေးအခက်အခဲရှိနေတဲ့ ဘယ်သူကိုမဆို နေအိမ်တွေဆောက်လုပ် လှူဒါန်းပေးသွားမှာဖြစ်ပြီး အဲဒီနေအိမ်တွေမှာမနေထိုင်လိုဘဲ ကိုယ့်စိတ်တိုင်းကျကိုယ်တည်ဆောက်လိုတယ်ဆို ရင်လည်းမြေနေရာတွေကိုလှူဒါန်းပေးသွားမှာဖြစ်တယ်လို့ မိန့်ကြားပါသည်။လတ်တလောမှာ လာရောက်နေထိုင်ဖို့ဆက်သွယ်လာသူတွေဟာ အိမ်ထောင်စုတစ်ရာဝန်းကျင်လောက်ရှိနေရာ ဆက်သွယ်လာသူတွေကိုစိစစ်တွေ့ဆုံမှုတွေလုပ်ဆောင်နေသလို လက်ရှိမှာလည်းအိမ်ထောင်စုတချို့စတင်လာ ရောက်နေထိုင်နေပြီဖြစ်တယ်လို့သိရပါသည်။




news-view-count-icon

34