ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၇၃ နှစ်အရွယ်ရှိ သက်ကြီးပိုင်းတစ်ဦး ကုက္ကိုပင်နှင့်အုတ်ခုံကြားမူး၍ ညပ်နေခြင်းကြောင့် ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီကယ်ဆယ်မှုများလုပ်ဆောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ထိုဖြစ်ပွားရာသို့ မီးသတ်ကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအဖွဲ့များက ကူညီကယ်ဆယ်ခဲ့ရကြောင်း၊ ကုက္ကိုပင်နှင့် အုတ်ရိုးကြားတွင် မူးပြီးညပ်သွားကာ လဲကျစဉ် ထ၍မရတော့သည့်အတွက် အနီးတွင်ဖြတ်သွားဖြတ်လာများမှ တွေ့ရှိကာ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် လူမှုကူညီရေးအသင်းများထံ အကြောင်းကြားလာခြင်းလည်းဖြစ်သည်။



