back

ရန်ကုန်မြို့တွင်လူနေအိမ်များသာမက ဘုန်းကြီးကျောင်းများပါ ဝင်ရောက်ခိုးယူမှုရှိလာ

Feb 24 • 1:42 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင်လူနေအိမ်များသာမက ဘုန်းကြီးကျောင်းများပါ ဝင်ရောက်ခိုးယူမှုရှိလာ

ယခုနောက်ပိုင်း လူနေအိမ်များသာမက ဘုန်းကြီးကျောင်းများပါ ပစ္စည်းများဝင်ရောက်ခိုးယူမှုများ ရှိလာ ၍ ဘုန်း ကြီးကျောင်းများအ‌နေဖြင့် လုံခြုံမှုမရှိတော့ကြောင်း ရန်ကုန်...


ယခုနောက်ပိုင်း လူနေအိမ်များသာမက ဘုန်းကြီးကျောင်းများပါ ပစ္စည်းများဝင်ရောက်ခိုးယူမှုများ ရှိလာ ၍ ဘုန်း ကြီးကျောင်းများအ‌နေဖြင့် လုံခြုံမှုမရှိတော့ကြောင်း ရန်ကုန်မြို့ခံပြည်သူများက သတိပေးပြော ဆိုထားသည် ။ ယခုနောက်ပိုင်း သံဃာတော်များ ဆွမ်းခံထွက်ချိန်ကို အခွင့်ကောင်းယူ၍ အုပ်စုဖွဲ့ကာ ကျောင်းအတွင်းဝင် ရောက် ကာ သံဃာတော်များ၏ ဖုန်းများ ကို ဝင်ရောက်ခိုးယူသည့် ဖြစ်ရပ်များ ယခုရက်ပိုင်း ရှိလာကြောင်း ရန် ကုန် မြို့ရှိ ပြည်သူများထံ မှ သိရသည်။ ယခုနောက်ပိုင်း နံနက် လေးနာရီ ၊ ငါးနာရီအချိန်တွင် လူနေအိမ်များအပါအဝင် ဘုန်းကြီးကျောင်း များ တွင်းဝင်ရောက်ကာ အုပ်စုဖွဲ့ ပစ္စည်းခိုးယူမှုများရှိလာပြီး အဆိုပါခိုးယူသူများသည် စားဝတ်နေရေးအဆင် မပြေ ခြင်းထက် ငွေရဖို့သေချာသည့် ဘုန်းကြီးကျောင်းများသို့ဦးတည်ကာ စီးပွားဖြစ်ခိုးယူနေကြတာဖြစ်ကြောင်း သိရသည်။




news-view-count-icon

26