ပြင်သစ်နိုင်ငံ အရှေ့ပိုင်းရှိ မြို့မဈေးတစ်ခုမှာ ဖေဖေါ်ဝါရီလ ၂၂ ရက်က ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးပြီး ရဲအရာရှိ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားက လမ်းသွားလမ်းလာတွေကိုလည်း ဓားနဲ့လိုက်လံ ထိုးသတ်ခဲ့တဲ့အတွက် စည်ပင်ရဲအရာရှိတွေလည်း အများအပြား ဒဏ်ရာရခဲ့ကြောင်း မြို့တော်ဝန် Michèle Lutz ကပြောပါတယ်။ တိုက်ခိုက်သူဟာ မြူနီစီပယ်ရဲအရာရှိအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် သံသယရှိသူဟာ အယ်လ်ဂျီးရီးယားနိုင်ငံကလာသူ ဖြစ်ြးြလက်ရှိမှာ သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြင်သစ်အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ပါတယ်။



