ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (၈၈
နှစ်)၏ ကျန်းမာရေးသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆိုးရွားလာခဲ့ကြောင်း ဗာတီကန်က စနေနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) တွင် ပြောကြားခဲ့ပြီး ၎င်း၏ အခြေအနေကို “စိုးရိမ်ရ” ကြောင်းကို ပထမဆုံးအကြိမ်အဖြစ် ပြောကြားခဲ့သည်။ အောက်ဆီဂျင် ပေးထားရသည့်အပြင် သွေးသွင်းပေးထားရသည်။ ပုပ်ရဟန်းမင်းကြီးသည် ရက်အတော်ကြာ အသက်ရှူရခက်ခဲလာပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက် ရောမမြို့ရှိ Gemelli ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးရုံတက်နေပါသည်။



