back

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန် မှ ဝန်ထမ်း ၅၄၀၀ ဦးကို အလုပ်ထုတ်ပြီး အင်အားလျှော့ချ

Feb 24 • 12:43 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန် မှ ဝန်ထမ်း ၅၄၀၀ ဦးကို အလုပ်ထုတ်ပြီး အင်အားလျှော့ချ

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်သည့် ပင်တဂွန် (Pentagon)က လာမည့် သီတင်းပတ်မှစပြီး အစမ်းခန့် ဝန်ထမ်း ၅၄၀၀ ဦးကို အလုပ်မှ ဖယ်ရှားခဲ့ကြောင်း The Guardian မှ ဖော်ပြခဲ...

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်သည့် ပင်တဂွန် (Pentagon)က လာမည့် သီတင်းပတ်မှစပြီး အစမ်းခန့် ဝန်ထမ်း ၅၄၀၀ ဦးကို အလုပ်မှ ဖယ်ရှားခဲ့ကြောင်း The Guardian မှ ဖော်ပြခဲ့သည်။ ထို့နောက် အရပ်ဖက် ဝန်ထမ်းအင်အားကို ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ လျှော့ချမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်က ကြေညာခဲ့သည်။ အရပ်ဖက် ဝန်ထမ်းများကို လျှော့ချပြီးပါက သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မူဝါဒများနှင့်အညီ စစ်တပ်၏ ဝန်ထမ်းအင်အား လိုအပ်ချက်ကို လေ့လာမှုများ ပြုလုပ်ရန်အတွက် ဝန်ထမ်းများ အသစ်ခန့်ထားမှု ရပ်နားထားမည် ဖြစ်သည်။


news-view-count-icon

29