ဂျပန်နိုင်ငံ ၊ အိုဆာကာမြို့၌ ယနေ့ဖေဖော်ဝါရီ(၂၄)ရက်တွင် ကျင်းပသည့် BENKI FIGHT ဘောက်ဆင်ပြိုင်ပွဲ၌ ဂျပန်ဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မြန်မာကိုယ်စားပြု ကစားသမား(၃)ဦးလုံး ရှုံးနိမ့်ခဲ့ကြောင်း မြန်မာဘောက်ဆင်ကော်မရှင်(MBC)၏ အသိပေးချက်အရ သိရသည်။ပြိုင်ပွဲဝင် ၅၃ ကီလိုတန်းတွင် Saw Lin Aung နှင့် ဂျပန်ဖိုက်တာ RyoMandokoro ၊ ၆၀ ကီလိုတန်းတွင် Gin Sian Muaung နှင့် Young Doo Choi ၊ ၅၂ ကီလိုတန်းတွင် Naw Hpung နှင့် Ryoma Morimoto တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် MBC အနေဖြင့် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ဘောင်ဆင်ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု ကစားသမား (၄)ဦး ထပ်မံစေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။



