back

ဘိလပ်မြေဈေးမြင့်တက်၍ လုပ်ငန်းငယ်အချို့ ရပ်ထားရ

Feb 24 • 12:36 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဘိလပ်မြေဈေးမြင့်တက်၍ လုပ်ငန်းငယ်အချို့ ရပ်ထားရ

အခုနှစ်ဆန်းပိုင်းမှာ ဘိလပ်မြေပစ္စည်း ပြတ်ပြီးနောက် ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းငယ်တချို့ ရပ်နားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝ...


အခုနှစ်ဆန်းပိုင်းမှာ ဘိလပ်မြေပစ္စည်း ပြတ်ပြီးနောက် ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းငယ်တချို့ ရပ်နားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းက သိရပါသည်။ဒီကာလမှာ မဖြစ်မနေဆောက်လုပ်ဖို့ လိုအပ်နေတဲ့ ကိုယ်ပိုင်အိမ်တွေနဲ့ နေရာအကွက်အကွင်းကောင်းပြီး ဈေးကောင်းရနိုင် မယ့် နေရာမျိုးတွေလောက်မှာသာ ကန်ထရိုက်တိုက်ဆောက်လုပ်တာတွေ ရှိနေတယ်လို့ သိရပါသည်။ဘိလပ်မြေ ဈေးနှုန်းတည်ငြိမ်ရင်တော့ ရပ်နားထားတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်စလာနိုင်ဖွယ်ရှိတယ်လို့ လုပ်ငန်းရှင်တချို့က သုံးသပ်ထားကြပြီးအရင်ကဆိုရင် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းသုံး သံထည် ရောင်းအားက နှစ်စဉ် တန်ချိန် သိန်း ၂၀ လောက် ရှိခဲ့ပြီး လက်ရှိမှာ ၄၀ ရာခိုင်နှုန်းလောက် ကျလာတယ်လို့ သံချောင်းရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ယောက်ကထံမှ သိရပါသည်။



news-view-count-icon

15