back

မိုဒရစ်က ဘောလုံးအတွက်လက်ဆောင်လို့ အန်ဆယ်လော့တီ ပြော

Feb 24 • 12:37 PM

breaking-news

မြန်မာ

ပြည်ပ

cover

မိုဒရစ်က ဘောလုံးအတွက်လက်ဆောင်လို့ အန်ဆယ်လော့တီ ပြော

ရီးရယ်လ်အသင်းက ဂျီရိုနာအသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူ ခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ ဘောလုံးအတွက် လက်...

ရီးရယ်လ်အသင်းက ဂျီရိုနာအသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူ ခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ဟာ ဘောလုံးအတွက် လက်ဆောင်လို့ နည်းပြအန်ဆယ်လော့တီက ပြောခဲ့ပါတယ်။ အန်ဆယ်လော့တီက “မိုဒရစ်က ဘောလုံးအတွက် လက်ဆောင်တစ်ခုပါ။ သူဟာ ကစားဖို့ ဆန္ဒရှိနေသေးရင် ဆက်သွားသင့်ပါတယ်။ သူဟာ ဘယ်လိုအရာကိုပဲလုပ်လုပ် ကောင်းမွန်စွာ လုပ်ပါတယ်။ ဘောလုံးနဲ့ ကျနော်တို့ ရီးရယ်လ်မှာ သူ့လိုဂန္ထဝင်တစ်ဦးကို ရခဲ့တာက ကံကောင်းပါတယ်။ သူ့ရဲ့အရည်အသွေး၊ သူ့ရဲ့ကျွမ်းကျင်မှုတွေနဲ့ လက်ဆောင်အဖြစ်ပေးပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။


news-view-count-icon

22