ယနေ့ ဖေဖော်ဝါရီ (၂၄)ရက်က ရိုးရာဖိုက်တာ သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့ ယှဉ်ပြိုင်ထိုးသ-တ်ကြသည့် ပွဲစဉ်အတွင်း အရှုံးအနိုင်မပေါ်ဘဲ တတိယအချီပြီးဆုံးချိန်တွင် ပူးတွဲသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ယနေ့ပွဲစဉ်သည် သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့နှစ်ဦး တတိယအကြိမ်မြောက် စိန်ခေါ်ထိုးသ-တ်သည့်ပွဲတစ်ပွဲဖြစ်ပြီး ယခင် နှစ်ကြိမ်မြောက်ထိုးသ-တ်ခဲ့စဉ်က သွေးသစ်ဝင်းလှိုင်အနေဖြင့် တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ထွက်ပေါ်ထားသည်။



