ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် (၉) နာရီဝန်းကျင်က ရန်ကုန်တိုင်း သန်လျင်မြို့နယ် အောင်ချမ်းသာဖွံ့ဖြိုးရေးလမ်း မီးရထားလမ်းတွင် အရက်မူးပြီး အိပ်ပျော်နေသူ အမျိုးသားတစ်ဦး ရထားအကြိတ်ခံရပြီး သေဆုံးမှုယနေ့မနက်ပိုင်း ဖြစ်ပွါးခဲ့ကြောင်း သိရပါသည်။ရထားကြိတ်ခံရသူ အမျိုးသားမှာ အသက်(၄၀) ဝန်းကျင်ရှိပြီး ရထားကြိတ်ခံခဲ့ရတဲ့အတွက်ကြောင့် ညာဘက်ခြေထောက်မှာ ပျက်သွားကာ ဘယ်ဘက်ခြေထောက်မှာ ကျိုးသွားတယ်လို့ ကူညီပေးခဲ့သူ တစ်ဦးထံမှ သိရပါသည်။



