ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ထဲမှာ မြေကြွက်ကြီးတွေ မကြုံစဖူး ပေါက်ဖွားကြီးထွားနှုန်းမြန်ပြီး ဒေသတွင်းမှာရှိတဲ့ စပါး၊ ပြောင်းနဲ့ ရှိသမျှ ကောက်ပဲသီးနှံတွေ ဝင်ရောက် ကိုက်ဖျက်စားသုံးပစ်တာကြောင့် တောင်ပေါ်တိုင်းရင်းသားတွေ စားစရာမကျန်တော့ဘဲ အငတ်ဘေးနဲ့ ကြုံနေရပြီးပြီးခဲ့တဲ့နှစ်က ဝါးပင်ကအသီးတွေ သီးလာပြီး ကြွက်တွေဟာ အဲဒိဝါးသီးစားပြီးရင် အကောင်တွေ ကြီးလာသလို သားပေါက်နှုန်းမြန်တာကြောင့် ကြွက်အကောင်ရေတွေ အဆမတန် များပြားလာပြီး လယ်ယာစိုက်ခင်း ကောက်ပဲသီးနှံတွေ ဖျက်ဆီးပစ်ခံနေရတာလည်း ဖြစ်ပါသည်။



