ယခုအပတ် ပြည်တွင်း ရွှေဈေးကွက်မှာလည်း အခေါက်ရွှေက အမြင့်ဈေးမှာသာ ရှိနေဆဲဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာဈေးကတော့ ၄၄၀၀ ကျော်ဝန်းကျင်ကို ကျဆင်းလာပါတယ်။စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစား အားလုံး ဈေးပြန်တက်လာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစုက အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။



