ယခုနောက်ပိုင်း စျေးအတွင်း၌ အထိုင်ရောင်းချနေသည့် သားငါးစျေးသည်များသည် စျေးကွက်အတွင်း ဝယ်လိုအားနည်းပြီး အမြတ်မရသည့်အပြင် အရင်းပါပြန်စိုက်ထည့်ရသည့်အခြေအနေများလည်း ကြုံခြင်းများ ရှိလာ၍ ရပ်ကွက်များအတွင်းသို့ ခေါင်းပေါ်ရွက်ကာ လှည့်လည်ရောင်းချခြင်းမျိုးသာမကပဲ ၊ စက်ဘီး ၊ ဆိုင်ကယ် ၊ သုံးဘီး ၊ လက်တွန်းလှည်း နှင့် ဂါလီများကို အသုံးပြုကာ ရောင်းချခြင်းများပြုလုပ်လာကြ ကြောင်းသိရသည်။“စျေးထဲလာဝယ်တဲ့သူကိုမရှိတာ ၊မနက်ပိုင်း ၆ နာရီလောက်ကနေ ၈ နာရီတစ်ချိန်လောက်ပဲ စျေးမှာ လူများတာ။အဲဒါနဲ့ လက်တွန်းလှည်းလေး တစ်စီးဝယ်ပြီး ရပ်ကွက် အတွင်း လှည့်ရောင်းနေတာ ဒီနေ့နဲ့ဆို ၁၀ ရက်ရှိပြီ။အခုလိုက ပိုပြီးရောင်းရတယ်။တစ်ချို့ကျတော့ စျေးကို တမင် မသွားချင်တာရှိမယ်။တစ်ချို့ကျ တော့လည်း ရပ်ကွက် ထဲ လှည့်ရောင်းနေတဲ့စျေးသည်တွေကို စောင့်ဝယ်တာရှိမယ်။တချို့ကျတော့လည်း စျေးမှာဝယ်ရတာနဲ့ အပြင်မှာ ဝယ်ရတာနဲ့ သိပ်မကွာတော့ တကူးတက စျေးမသွားတော့ပဲ အပြင်သည် တွေစောင့်ပြီး ဝယ်တာတွေရှိတယ်” ဟု သားငါး ရောင်းချနေသူစျေးသည်တစ်ဦးကပြောသည်။



