back

မလေးရှားနိုင်ငံတွင် မျက်လုံးသကြားလုံးစားခဲ့သည့် ကလေးတစ်ဦး သေဆုံး

Feb 24 • 9:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှားနိုင်ငံတွင် မျက်လုံးသကြားလုံးစားခဲ့သည့် ကလေးတစ်ဦး သေဆုံး

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် မျက်လုံးသကြားလုံး စားပြီးနောက် အသက်ရှူကြပ်ကာ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဖေဖော်ဝါရီလ ၂၀ ရက်တွင် သေဆုံးခဲ့သောကြောင့် ယင်...

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် မျက်လုံးသကြားလုံး စားပြီးနောက် အသက်ရှူကြပ်ကာ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဖေဖော်ဝါရီလ ၂၀ ရက်တွင် သေဆုံးခဲ့သောကြောင့် ယင်းသကြားလုံး ကြော်ငြာများကို ဖယ်ရှားပစ်ရန် အွန်လိုင်းပလက်ဖောင်းနှစ်ခုကို မလေးရှားကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့သည်။ “Gummy Original Basketball Soft Candy” ဟု သတ်မှတ်ထားသော သကြားလုံးသည် ၁၉၈၅ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မလေးရှားနိုင်ငံ၏အစားအစာအက်ဥပဒေ ၁၉၈၃(Act 281) ပါပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။ အွန်လိုင်းပလက်ဖောင်းနှစ်ခုတွင် အဆိုပါထုတ်ကုန်ကို ကြော်ငြာပေးသည့် ကြော်ငြာလင့်ခ် ၈၆ ခုကို ဝန်ကြီးဌာနက ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဘနားမားသတင်းဌာနက ဖော်ပြခဲ့သည်။

news-view-count-icon

22