ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ၂၇ရက်ကနေ မတ်လ၁၃ရက်အထိ ၁၅ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ဆံတော်ရှင်မြတ်မော်တင်စွန်းဘုရားပွဲတော်ဟာ ဧရာဝတီတိုင်းဒေသကြီးရဲ့ အထင်ကရ ဘုရားပွဲတော်တွေထဲကတစ်ခုဖြစ်ပြီး နှစ်စဉ်ရပ်နီးရပ်ဝေးက ဘုရားဖူးအများအပြား လာရောက်လေ့ရှိတာဖြစ်ပါတယ်။



