back

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ရှိ ကလေးငယ်များကို အခြေခံပညာသင်ကြားပေးရေးအတွက် ဆရာ၊ ဆရာမများ လိုအပ်နေ

Feb 24 • 9:33 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ရှိ ကလေးငယ်များကို အခြေခံပညာသင်ကြားပေးရေးအတွက် ဆရာ၊ ဆရာမများ လိုအပ်နေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ကလေးငယ်များကို အခြေခံပညာသင်ကြားပေးရေးအတွက် ဆရာ၊ ဆရာမများ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ကလေးင...

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ကလေးငယ်များကို အခြေခံပညာသင်ကြားပေးရေးအတွက် ဆရာ၊ ဆရာမများ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ကလေးငယ်များကို အထက်တန်းအောင်မြင်ပြီးထားသူများက ထိုက်သင့်သည့် အခကြေးငွေဖြင့် အခြေခံပညာသင်ကြားပေးနေသော်လည်း ဆရာ၊ ဆရာမ အင်အားနှင့် ကျောင်းသူ၊ ကျောင်းသားအရေအတွက် မမျှမတ ဖြစ်နေကြောင်း မြောက်ဦးမြို့နယ်၊ မကျားဆည်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်၊ ရန်အောင်ပြင်၊ ကြာကန်၊ မကျားဆည်၊ ကြပ်စင်၊ ခူလိုင်၊ နေပူခံ၊ ဂူတစ်လုံးကျ နှင့် စာပေါင်ကျေးရွာများရှိ ငွေကြေးတတ်နိုင်သည့် မိဘများသည် ကလေးငယ်များ မြန်မာစာဖတ်တတ်စေရန်အတွက် ဆရာ၊ ဆရာမများကို အခကြေးငွေပေး၍ သင်ကြားခိုင်းနိုင်သော်လည်း အချို့မိဘများသည် ငွေကြေးကျပ်တည်းမူကြောင့် ကလေးငယ်များကို စာသင်ကြားပေးနိုင်မှုမရှိကြောင်းသိရပါသည်။

news-view-count-icon

16