ရန်ကုန်မြို့ရှိ ရပ်ကွက်အတွင်း အညာဒေသစာများ လှည့်လည်ရောင်းချသည့်စျေးသည်များ ယခင်ထက် ပို မိုများပြားလာသဖြင့် အညာဒေသထွက်အစားအစာကြိုက်သူများအတွက် ပို၍အဆင်ပြေလာကြောင်း သိရသည်။“ရပ်ကွက်တွေမှာ ထမ်းပြီးလိုက်ရောင်းနေတဲ့ အညာစျေးသည်လေးတွေ တော်တော်များများကို တွေ့ လာရတယ်။အရင်က စျေးတွေမှာ ချရောင်းတာလောက်ပဲရှိတယ်။အခုဆို ရပ်ကွက်တွေမှာ လိုက်ရောင်းနေကြတာတွေများလာတယ်။အဓိကကတော့ သူတို့ရောင်းချနေတဲ့ အညာမုန့်တွေက ဘုရားဆွမ်းတော်လည်း ကပ်လို့ရသလို့ မုန့်ပဲသရေစားအဖြစ်လည်း စားလို့ရတယ်။ မကြာခဏတော့ ဝယ်ဖြစ်တယ်”ဟု ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။



