အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ပိတ်မိနေသည့် အလုပ်သမားရှစ်ဦးသည် အသက်ရှင်ရန် မသေချာသေးကြောင်းသိရသည်။ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်နေသည့်အချိန်၌ပင် လမ်းပိတ်ဆို့မှုတစ်ခုထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်နေသည့် အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ပြိုကျသောဥမင်လိုဏ်ခေါင်းရှိရာအစိတ်အပိုင်းသည် သွားလာ၍မရကြောင်းနှင့် ပိတ်မိနေသော အလုပ်သမားများထံ ဆက်သွယ်ရန် အခြားရွေးချယ်စရာနည်းလမ်းကိုရှာဖွေရမည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ပိတ်မိနေသူများထဲတွင် အင်ဂျင်နီယာနှစ်ဦး၊နည်းပညာ ဝန်ထမ်းနှစ်ဦးနှင့် အလုပ်သမားလေးဦးတို့ပါဝင်သည်ဟုသိရသည်။



