back

ဧရာဝတီတိုင်း၊ပုသိမ်-မော်တင်ကားလမ်းမှာ ခရီးသည်ယာဥ် တိမ်းမှောက်ခဲ့လို့ ၁ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့

Feb 23 • 8:19 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
cover

ဧရာဝတီတိုင်း၊ပုသိမ်-မော်တင်ကားလမ်းမှာ ခရီးသည်ယာဥ် တိမ်းမှောက်ခဲ့လို့ ၁ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့

ဖေဖော်ဝါရီလ၂၂ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်ကဧရာဝတီတိုင်း ပုသိမ် - မော်တင်ကားလမ်း မိုင်တိုင်(၂၂)အနီးမှာ ခရီးသည်ယာဥ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့လို့ အမျိုးသားတစ်ဦ...

ဖေဖော်ဝါရီလ၂၂ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်ကဧရာဝတီတိုင်း ပုသိမ် - မော်တင်ကားလမ်း မိုင်တိုင်(၂၂)အနီးမှာ ခရီးသည်ယာဥ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့လို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွင်ဒဏ်ရာရသူတွေကို ပုသိမ်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင် ပေးခဲ့တယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီးအဖွဲ့က သိရပါတယ်။ ကားမတော်တဆဖြစ်ခဲ့နေရာကို နေရာကို မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး ကွန်ယက်အဖွဲ့ဝင်တွေဖြစ်တဲ့ပုသိမ်မြို့နယ်ရှိ မေတ္တာစမ်းရေ၊ လူငယ့်အလင်းရောင်၊ မြင့်မြတ်ဂရုဏာ၊ အောင်သုခ နဲ့ အခြားလူမှုကူညီရေးအဖွဲ့များက အရေးပေါ်လူနာတင်ယာဥ် (၃)စီးနဲ့သွားရောက် ကူညီ ပေးခဲ့ကြပါတယ်။


news-view-count-icon

57