back

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား တပေါင်းပွဲတော် ကျင်းပမည်

Feb 23 • 8:19 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား တပေါင်းပွဲတော် ကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပွဲ (တပေါင်းပွဲတော်) ကို တပေါင်းလဆန်း (၁၀) ရက်မှ လပြည့်နေ့အ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပွဲ (တပေါင်းပွဲတော်) ကို တပေါင်းလဆန်း (၁၀) ရက်မှ လပြည့်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော် (၈၀၉၄) ဆူအား ဆွမ်းခဲဖွယ်၊ ပန်း၊ ရေချမ်း၊ ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် နဝကမ္မအလှူတော်ငွေ ဆက်ကပ်ခြင်းများပြုလုပ်မည်ဖြစ်သည်။ ဓနုဒေသရှိ တိုင်းရင်းသားများ ပူဇော်အလှူများ ဆောင်ရွက်မည်ဖြစ်ပြီး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများလည်း ပါဝင်မည်။


news-view-count-icon

31