back

မလေးရှားနိုင်ငံတွင် အထူးကားနံပါတ်များ လေလံတင်ခဲ့ရာ စုစုပေါင်း ရင်းဂစ် ၄၅.၉ သန်း ရရှိခဲ့

Feb 22 • 4:35 PM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှားနိုင်ငံတွင် အထူးကားနံပါတ်များ လေလံတင်ခဲ့ရာ စုစုပေါင်း ရင်းဂစ် ၄၅.၉ သန်း ရရှိခဲ့

မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်မှာ အထူးကားနံပါတ်များ လေလံတင်ခဲ့ရာ စုစုပေါင်း ရင်းဂစ် ၄၅.၉ သန်း ရရှိခဲ့ပြီး အထူးကားနံပါတ် စီးရီးအက္ခရာများတွင် 'GOLD’, ‘FFF’, ‘PE...

မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်မှာ အထူးကားနံပါတ်များ လေလံတင်ခဲ့ရာ စုစုပေါင်း ရင်းဂစ် ၄၅.၉ သန်း ရရှိခဲ့ပြီး အထူးကားနံပါတ် စီးရီးအက္ခရာများတွင် 'GOLD’, ‘FFF’, ‘PETRA’, MADANI အစရှိသည်တို့ ပါဝင်ကြောင်း မလေးရှား ပို့ဆောင်ရေးဝန်ကြီး Loke Siew Fook က ပြောကြားထားသည်။ ၂၀၂၄ ခုနှစ်မှာ လေလံတင်ခဲ့သည့် အထူးကားနံပါတ်များတွင် အထင်ရှားဆုံးမှာ ဖေဖော်ဝါရီလတွင် လေလံတင်ခဲ့သည့် GOLD စီးရီးမှ GOLD 1 ဖြစ်သည်။ ၎င်းအထူးကားနံပါတ်ကို မလေးရှား အလှည့်ကျဘုရင် ရှားပါးကားများ စုဆောင်းသည့် ဝါသနာရှင် Sultan Ibrahim Iskandar က ရင်းဂစ် ၁ သန်းခွဲဖြင့် လေလံအောင်ခဲ့သည်။ မလေးရှားတွင် ကားနံပါတ်ပြားအတွက် ပေးဆောင်ဖူးသမျှ အမြင့်ဆုံး ငွေပမာဏဖြစ်သည်။


news-view-count-icon

25