back

ဩစတြေးလျကမ်းလွန်တွင် တရုတ်ရေတပ်မှ စစ်ရေး လေ့ကျင့်နေ၍ လေကြောင်းလိုင်းများကို သတိပေးထား

Feb 22 • 4:07 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဩစတြေးလျကမ်းလွန်တွင် တရုတ်ရေတပ်မှ စစ်ရေး လေ့ကျင့်နေ၍ လေကြောင်းလိုင်းများကို သတိပေးထား

ဩစတြေးလျနိုင်ငံ အရှေ့ပိုင်းကမ်းလွန်တွင် တရုတ်ရေတပ်အုပ်စုတစ်ခုက ကျည်အစစ်သုံးပစ်ခတ်မှုလုပ်နေသည်ဆိုသော သတင်းများကို ဩစတြေးလျနိုင်ငံ လေကြောင်းထိန်းချုပ်ရေးအေဂျင်စီက...

ဩစတြေးလျနိုင်ငံ အရှေ့ပိုင်းကမ်းလွန်တွင် တရုတ်ရေတပ်အုပ်စုတစ်ခုက ကျည်အစစ်သုံးပစ်ခတ်မှုလုပ်နေသည်ဆိုသော သတင်းများကို ဩစတြေးလျနိုင်ငံ လေကြောင်းထိန်းချုပ်ရေးအေဂျင်စီက လေကြောင်းလိုင်းများအား ဆက်သွယ်သတိပေးထားပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ ဖရီးဂိတ်သင်္ဘော၊ တိုက်သင်္ဘော နှင့် လောင်စာဆီဖြည့် သင်္ဘောတို့သည် ပြီးခဲ့သည့် သီတင်းပတ်တွင် ဩစတြေးလျ၏ ရေကြောင်းချဉ်းကပ်လမ်းအတွင်း ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ယခုသီတင်းပတ်တွင် ဩစတြေးလျ၏ အရှေ့ဘက်ကမ်းရိုးတန်းသို့ ထွက်ခွာလာခဲ့ပြီး ဩစတြေးလျနှင့် နူးဇီလန် ရေတပ်၊ လေတပ်များက စောင့်ကြည့်ခဲ့ကြောင်း သိရသည်။


news-view-count-icon

21