back

နေပြည်တော်တွင် တောမီး ၃ ကြိမ်လောင်မှုဖြစ်ပွါး

Feb 22 • 4:36 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် တောမီး ၃ ကြိမ်လောင်မှုဖြစ်ပွါး

နေပြည်တော်က မြို့နယ် ၃ ခုမှာ နှစ်ရက်အတွင်း တောမီး ၃ ကြိမ်လောင်ခဲ့ပြီး နာရီနဲ့ချီကြာမီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါသည်။ဇေယျာသီရိမြို့နယ်၊ သူရဲကောင်းဗိမာန်နောက်ကျေ...


နေပြည်တော်က မြို့နယ် ၃ ခုမှာ နှစ်ရက်အတွင်း တောမီး ၃ ကြိမ်လောင်ခဲ့ပြီး နာရီနဲ့ချီကြာမီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါသည်။ဇေယျာသီရိမြို့နယ်၊ သူရဲကောင်းဗိမာန်နောက်ကျောက သစ်တောတခုမှာ ဖေဖော်ဝါရီ ၂၁ ရက်၊ မနက်စောစော ၃ နာရီခွဲလောက်က မီးလောင်ခဲ့ပြီး မီးသတ်ဌာန ၂ ခုက လာရောက်ငြှိမ်းသတ်ပေးခဲ့ပါသည်။မီးလောင်အပြီး ၂ နာရီအကြာ မနက် ၅နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားပေမဲ့ မီးလောင်မှုကြောင့် သစ်တောဧရိယာ ပေ ၁၀၀ နီးပါး ပျက်စီးသွားပြီး လူထိခိုက်မှုမရှိဘူးလို့ သိရပါသည်။အဲဒီညနေ ၅နာရီ ၂၅ မိနစ်လောက်မှာလည်း ဉတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ သီရိရတနာလမ်း၊ ဖိုးစောင့်တောင်ပေါ်က သစ်တောဝန်းအတွင်း မီးလောင်ခဲ့ပြီး မီးလောင်မှုအပြီး ၁ နာရီအကြာ ညနေ ၆နာရီ မိနစ် ၂၀ မှာ မီးငြိမ်းသွားခဲ့ပြီးဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့ညနေ ၃ နာရီ ၁၀ မိနစ်လောက်မှာတော့ ဇမ္ဗူသီရိမြို့နယ်၊ ဧကတထောင်တိုက်အမှတ် ၁၃၅၀ အနီးက ကွင်းထဲမှာ တောမီးလောင်ကာမီးစလောင်ပြီး ၁ နာရီကျော်အကြာ ညနေ ၄ နာရီ မိနစ် ၂၀ မှာ မီးငြိမ်းသွားခဲ့ကြောင်း သိရပါသည်။




news-view-count-icon

21