အသလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ မြို့ခံပြိုင်ဘက် ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲအတွက် အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။ ဆီမြွန်နီက “ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲက ကြီးမားတဲ့ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကို ကျနော်သိပါတယ်”လို့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာ ဖြစ်ပါသည်။



