လာဘ်လာဘတိုးကာ အရောင်းအဝယ်ကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ငွေစက္ကူပုံစံငယ်လေးများကို အဆောင်အဖြစ် ထားရှိသူများ ယခုနောက်ပိုင်းတွင် များပြားလာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။အဆိုပါ အဆောင်အဖြစ်ထားရှိမှုကို ကုန်ပစ္စည်းမျိုးစုံရောင်းချရာ အရောင်းဆိုင်များ၊ ထမင်းဆိုင်နှင့် စားသောက်ဆိုင်များ၊ ရပ်ကွက်အတွင်းရှိ စတိုးဆိုင်ငယ်များတွင် လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။ထိုငွေစက္ကူပုံစံငယ်လေးများမှာ ၁၀၀ကျပ်တန်၊ ၂၀၀ ကျပ်တန်လောက်မှ ၁၀၀၀၀ တန်လောက်အထိ ပုံစံအသီးသီး ထုတ်လုပ်ထားပြီး ဒေါ်လာငွေစက္ကူပုံစံအပါအဝင် အမျိုးအစား ရှစ်မျိုးလောက်အထိ ထုတ်လုပ်ထား ခြင်း များရှိကြောင်း၊ တစ်ထုပ်လျှင် ငါးမျိုးမှ ရှစ်မျိုး အသီးသီးပါခြင်းများရှိသလို အဆောင်အဖြစ်သုံးစွဲလိုသူများနှင့် အလှသိမ်းဆည်းထားလိုသူ များအတွက် ရည်ရွယ်၍ စျေးကွက်အတွင်းရောင်းချပေးခြင်းများတွေ့ရှိရကြောင်း၊ တစ်ထုပ်လျှင်ပါဝင်သော အမျိုးအစားပေါ် မူတည်၍ ၁၂၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ကြားအထိ အသီးသီးရှိတတ် ကြောင်း လည်း သိရသည်။



