back

ယူနိုက်တက်မှာ ပြဿနာပိုများတယ်လို့ အာမိုရင်ပြော

Feb 22 • 2:10 PM

breaking-news

မြန်မာ

ပြည်ပ

cover

ယူနိုက်တက်မှာ ပြဿနာပိုများတယ်လို့ အာမိုရင်ပြော

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က ယူနိုက်တက်အသင်းမှာ ဖြေရှင်းချက်ထက် ပြဿနာပိုများနေတယ်လို့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာ ပြောခဲ့ပါတယ်။ အာမိုရင...

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က ယူနိုက်တက်အသင်းမှာ ဖြေရှင်းချက်ထက် ပြဿနာပိုများနေတယ်လို့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာ ပြောခဲ့ပါတယ်။ အာမိုရင်က “အသင်းဟာ တိုးတက်မှုမရှိဘူးလို့ တစ်ခါတရံမှာ ကျနော်ခံစားရပေမယ့် တချို့ပိုပြီးခက်ခဲတဲ့ပွဲတွေမှာ ကျနော်တို့ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ဒါကတော့ ကောင်းတဲ့အရာပါ။ ဒါပေမယ့် အခုအခိုက်တန့်မှာ ကျနော်တို့ ကစားခဲ့တဲ့ပွဲတွေကို ကြည့်ရင် ဖြေရှင်းချက်ထက် ပြဿနာပိုများနေပါတယ်။ ကျနော်တို့ဟာ ပွဲတိုင်းကို တသမတ်တည်းကစားနိုင်ရပါမယ်”လို့ ပြောခဲ့တာပါ။


news-view-count-icon

15