မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ယဉ်ကျေးမှု၊ အမွေအနှစ်၊ အနုပညာပြပွဲကြီးကို မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးက ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပြပွဲကို ဖေဖော်ဝါရီ (၂၃) ရက်၊ နံနက် (၉) နာရီမှ ည (၉) နာရီအထိ အင်းလျားမြိုင်လမ်းရှိ အီတလီသံရုံးတွင် အခြားမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဒို့အိမ်နှင့် Our Heritage Homes Myanmar တို့ဖြင့် ပူးပေါင်း၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



