back

ပြည်ပစျေးကွက်ရည်ရွယ်၍ လက်ပံပွင့်ခြောက်များ စုဆောင်းသိုလှောင်မှုများရှိလာ

Feb 22 • 1:43 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပစျေးကွက်ရည်ရွယ်၍ လက်ပံပွင့်ခြောက်များ စုဆောင်းသိုလှောင်မှုများရှိလာ

ပြည်ပစျေးကွက်အခြေအနေပေါ် မျှော်မှန်းကာ ပွဲရုံပိုင်ရှင်များက ဒေသစျေးကွက်များမှတစ်ဆင့် လက်ပံ ပွင့် ခြောက်များကို ဝယ်ယူစုဆောင်းထားခြင်းများရှိကြောင်း ပွဲရုံလုပ်ငန်...


ပြည်ပစျေးကွက်အခြေအနေပေါ် မျှော်မှန်းကာ ပွဲရုံပိုင်ရှင်များက ဒေသစျေးကွက်များမှတစ်ဆင့် လက်ပံ ပွင့် ခြောက်များကို ဝယ်ယူစုဆောင်းထားခြင်းများရှိကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူများကြားမှ သိရသည်။ထိုလက်ပံပွင့်ခြောက်များကို စစ်ကိုင်း၊ မကွေး စသည့်တိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့မှ ဒေသ အဝယ်ဒိုင်များမှ တစ်ဆင့် ရန်ကုန်အခြေစိုက်ပွဲရုံများက ချိတ်ဆက်ဝယ်ယူကြခြင်းဖြစ်သည်။ ပြည်ပစျေးကွက်သို့ တင်ပို့နိုင်ရန်ရည်ရွယ်၍ ပွဲရုံများက အဝယ်ဒိုင်များမှတစ်ဆင့်ဝယ်စျေးမှာ အရည်အ သွေး ပေါ်မူတည်၍ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ စျေးအသီးသီးရှိကြောင်း၊ ပြည်တွင်းရှိ လက် လီ စျေး ကွက်အတွင်းတွင် ကျန်းမာရေးအရ သင့်လျော်သောဆေးဖက်ဝင်အစားအစာအဖြစ် ဝယ်ယူစားသုံးသူ အချို့ရှိပြီး ၂၅ ကျပ်သားတစ်ထုပ်လျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ကြားဖြင့် ရောင်းချခြင်းများရှိကြောင်း သိရသည်။



news-view-count-icon

17