back

လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခုတွင်ခွင့်ယူပါက တနင်္ဂနွေနေ့အတွက်ပါ လစာဖြတ်တောက်နေ

Feb 22 • 1:39 PM

breaking-news

မြန်မာ

ရန်ကုန်

cover

လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ခုတွင်ခွင့်ယူပါက တနင်္ဂနွေနေ့အတွက်ပါ လစာဖြတ်တောက်နေ

ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြသရဖီလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေသောတရုတ်နိုင်ငံသားပိုင...


ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြသရဖီလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၂၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေသောတရုတ်နိုင်ငံသားပိုင်စက်ရုံတွင် အလုပ်ရှင်က တစ်ဖက်သတ် ဖွဲ့စည်းထားတဲ့ WCC ကို အသိအမှတ်ပြု လက်မှတ်ထိုးပေးဖို့ အလုပ်သမားတွေကို ဖိအားပေးတဲ့အပြင် ခွင်ယူပါက တနင်္ဂနွေနေ့ကိုပါ လစာဖြတ်နေတယ်လို့ စက်ရုံအလုပ်သမားတွေကထံမှ သိရပါသည်။လုပ်ငန်းခွင်တွင်းမှာ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြီး (၇၈၀၀) ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀) ကျပ်သာ ပေးချေပြီး ဥပဒေပါ ခွင့်ခံစားခွင့်တွေကို မပေးတာကြောင့် အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး၊ ‌ထောက်ပံ့ကြေး၊ ရက်မှန်ကြေး ဖြတ်တောက်ခံရတဲ့အပြင် တနင်္ဂနွေနေ့အတွက်ပါ ပိုက်ဆံဖြတ်တောက်တာကြောင့် စုစုပေါင်း ကျပ် (၆၀၀၀၀)ထိ ဖြတ်တောက်ခံနေရတာပဲ ဖြစ်ကြောင်း သိရပါသည်။




news-view-count-icon

23