မြေရှားသတ္တုများဆိုင်ရာ သဘောတူညီချက်ကို အမေရိကန်နှင့် ယူကရိန်းတို့သည် ယနေ့ ဖေဖေါ်ဝါရီ ၂၂ ရက်တွင် လက်မှတ်ရေးထိုးနိုင်ကြောင်း ဝေါလ်စထရိဂျာနယ်ကြီးက ရေးသားဖော်ပြထားသည်။ ယူကရိန်းနှင့် မြေရှားသတ္တုများဆိုင်ရာ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အကြောင်းကို အမေရိကန်သမ္မတ ထရမ့်က အိုဗယ်ရုံးခန်းတွင် သတင်းထောက်များအား “သူတို့လိုချင်မယ်ထင်တယ်။ သူတို့ကျေနပ်နေကြတယ်” ဟု ပြောကြားခဲ့သည်။



