back

၂၀၂၄ ခုနှစ်အတွင်း ရုရှားတရားရုံးက ဂူဂဲလ် ကို လေးကြိမ်အထိ ဒဏ်ရိုက်ခဲ့

Feb 22 • 11:29 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၄ ခုနှစ်အတွင်း ရုရှားတရားရုံးက ဂူဂဲလ် ကို လေးကြိမ်အထိ ဒဏ်ရိုက်ခဲ့

အမေရိကန်နည်းပညာကုမ္ပဏီ Google LLC သည် ဖေါ်ပြသော အကြောင်းအရာ (content) ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်မှုများစွာကြောင့် ၂၀၂၄ ခုနှစ်တွင်း ရုရှားဘက်က အကြိမ်ကြိ...

အမေရိကန်နည်းပညာကုမ္ပဏီ Google LLC သည် ဖေါ်ပြသော အကြောင်းအရာ (content) ဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်မှုများစွာကြောင့် ၂၀၂၄ ခုနှစ်တွင်း ရုရှားဘက်က အကြိမ်ကြိမ်ဒဏ်ရိုက်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ "၂၀၂၄ ခုနှစ်တွင် ရုရှားတရားရုံးတွေက Google ကို လေးကြိမ်တိတိ ဒဏ်ရိုက်ခဲ့ပါတယ်။စုစုပေါင်းဒဏ်ငွေက ရူဘယ် ၁၅ ဒသမ ၁ သန်း (ကန်ဒေါ်လာ ၁၇၀,၀၀၀ ) လောက်ရှိပါတယ်" ဟုလည်း ရုရှား၏တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့ကိုကိုးကား၍ တပ်စ်သတင်းဌာနကပြောကြားခဲ့သည်။ Google သည် ၎င်း၏ YouTube မီဒီယာပလပ်ဖောင်းတွင် လူထု အုံကြွမှု ကို ဖြစ်စေမည့်အစွန်းရောက်အကြောင်းအရာများကို ဖယ်ရှားရန် ပျက်ကွက်မှုနှင့် သတင်းတုများကိုဖယ်ရှားရန် ပျက်ကွက်မှုများကြောင့် ဒဏ်ရိုက်ခံခဲ့ရခြင်း ဖြစ်သည်။


news-view-count-icon

18