ဆော်ဒီအာရေဗျမှ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး Public Investment Fund သည် ဂိမ်းလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိရာ ၎င်း၏ ဂိမ်းလုပ်ငန်း Savvy Games Group ပိုင်ဆိုင်သည့် ဗီဒီယိုဂိမ်းလုပ်ငန်း Scopely သည် ဆန်ဖရန်စစ္စကို အခြေစိုက် Niantic ၏ ဂိမ်းလုပ်ငန်းကဏ္ဍကို ညှိနှိုင်းဈေး ကန်ဒေါ်လာ ၃.၅ ဘီလီယံခန့်ဖြင့် ဝယ်ယူရန် ဆွေးနွေးနေသည်။ Niantic သည် ၂၀၁၆ ခုနှစ်တွင် အကြီးအကျယ် ပေါက်ခဲ့သော Pokémon Go ထုတ်လုပ်ခဲ့သူဖြစ်ပြီး ယခုအခါ စီးပွားအကျဘက်ကို ရောက်နေသည်။၂၀၂၂ တွင် Harry Potter: Wizards Unite ဂိမ်းကို ပိတ်သိမ်းခဲ့ရသည်။ မိုဘိုင်းဂိမ်းများ ထုတ်လုပ်သည့် Scopely ကို Savvy Games က လွန်ခဲ့သည့် ၂နှစ်က ကန်ဒေါ်လာ ၄.၉ ဘီလီယံဖြင့် ဝယ်ယူသိမ်းပိုက်ခဲ့ပြီး Savvy Games ၏ လက်အောက်ခံလုပ်ငန်းအဖြစ် ရပ်တည်နေသည်။



