ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ် (၁)ချစ်ကြည်ရေးတံတားကနေ Passport နဲ့ နိုင်ငံကူးသန်းခွင့်ကို ပုံမှန်စီစဉ်ဆောင်ရွက်ပေးနေကြောင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကသိရပါသည်။မြန်မာ-ထိုင်း အမှတ် (၁)ချစ်ကြည်ရေးတံတားမှာ ပြည်သူတွေပုံမှန် ဝင်ထွက်သွားလာနိုင်ပြီး ဝင်ထွက်ခွင့်တွေကိုလည်း သတ်မှတ်ချက်တွေနဲ့အညီသက်ဆိုင်ရာတာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။



