ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၁၂နာရီ၃၀ မိနစ်အချိန်က ကလေးမြို့၊ စမ်းမြို့(ကွက်သစ်)ရပ်ကွက်တွင် ခန့်ဇဆွန့် မောင်းနှင်လာသည့် TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)၊ မြန်မာငွေကျပ် ၃.၇ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၃၀၀ အချိန် မလားလ်နိပ်မော အား ၎င်းနေထိုင်သည့် ကလေးမြို့နယ်၊ အိတ်စွတ်ကျေးရွာရှိ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၄.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၂၀၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခန့်ဇဆွန့်(၅၀)နှစ် နှင့် မလားလ်နိပ်မော(၆၅)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရပါသည်။



