ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို ဝိန်းဆာရပ်ကွက်တွင် ဖေဖော်ဝါရီ ၂၁ ရက် မနက် ၉ နာရီဝန်းကျင်မှာ သူငယ်ချင်း၃ယောက် သစ်သီး ခူးစားဖို့ အုတ်တံတိုင်းပေါ် တက်ရာကနေ အုတ်တံတိုင်းပြိုကျခဲ့ပြီး ထိခိုက်သေဆုံးခဲ့ရတာဖြစ်ကြောင်း သိရပါသည်။အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ မောင်ကျောက်လောက် မှာ အုတ်တံတိုင်း ပိမိရာက နေ ဦးခေါင်းနဲ့ ရင်ဘတ်ထိမိပြီး သေဆုံးသွားခဲ့ပြီး အသက် ၇ နှစ်အရွယ် မောင်တင်ဝင်း ကတော့ ထိခိုက်ဒဏ်ရာရ ရရှိခဲ့ပါသည်။



