ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၉ နာရီတွင်ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၁၂၀လမ်း၊ ၆၈(B) လမ်းနှင့် ၆၈(C)လမ်းကြားရှိ နေအိမ်တစ်အိမ်မှမန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဥ်ရပ်ကွက်၊ ၇၃ လမ်း ၄၁ လမ်း၊ အကွက် (၆၈၉)ရှိ ကမ္ဘောဇဘဏ် (၃၇) သို့ ဝင်ရောက်၍ သေနတ်ဖြင့်ခြိမ်းခြောက် လုယက်ခဲ့သူအမျိုးသားကို ဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိသူတရားခံမှာ အသက် ၅၄ နှစ်အရွယ်ရှိ သိန်းဇော်ဦး ဆိုသူဖြစ်သည်ဟု သိရပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်က ကမ္ဘောဇဘဏ် (၃၇)သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးနောက် ဘဏ်အတွင်းဝင်ရောက်ကာ ဘဏ်ဝန်ထမ်းကို သေနတ်ဖြင့်ချိန်၍ ငွေကျပ် သိန်းပေါင်း ၁၁၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပါတယ်။



