ဖေဖော်ဝါရီ ၂၂ရက် နံနက်ပိုင်း ကဈေးကြီး အတွင်း ဝင်ရောက် စစ်ဆေးတာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား အလုပ်သမား ၆၃၀ကိုဖမ်းဆီးခဲ့ပါတယ်။ဖမ်းမိသူတွေ ထဲ မှာ အင်ဒိုနီးရှား၉ဦး၊ ဘင်္ဂလားဒေရှ့် ၈၅ဦး ၊ အိန္ဒိယ ၅ဦး၊ နီပေါ ၁ဦး နဲ့ မြန်မာ အလုပ်သမား ၅၃၀ဦး တို့ ဖမ်းဆီးခံခဲ့ရကာ အများစုမှာ အသက်၁၇နှစ်မှ ၅၇နှစ်ကြား အမျိုးသားတွေ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီးမှာ မလေးရှားအာဏာပိုင်တွေက အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သား တွေ ကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာမှာ မြန်မာအလုပ်သမား ၅၀၀ကျော် အဖမ်းခံခဲ့ရပါတယ်။


