back

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းတွင်၂လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီးလူသတ်သမားထွက်ပြေးလွတ်မြောက်နေ

Feb 22 • 5:46 AM

breaking-news

မြန်မာ

တနင်္သာရီ

breaking-news
cover

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းတွင်၂လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီးလူသတ်သမားထွက်ပြေးလွတ်မြောက်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ချန်းဖန်းကျေးရွာအုပ်စု မပုတေးကျေးရွာတွင်၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။အသတ်ခံရသူများမှာ မပုတေးကျေးရွာမှ ရေလု...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ချန်းဖန်းကျေးရွာအုပ်စု မပုတေးကျေးရွာတွင်၂ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။အသတ်ခံရသူများမှာ မပုတေးကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူ ကိုဝတုတ် နဲ့ မမြတ်စန္ဒာ တို့လင်မယား၂ဦးဖြစ်တယ်လို့ သိရပြီး ဖေဖော်ဝါရီ၂၀ရက်နေ့ ညပိုင်းကအသတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။“သတ်သွားတာကအခြားလူမဟုတ်ဘူး၊မြတ်စန္ဒာရဲ့မောင်ဖြစ်တဲ့သူကသတ်ပြီးထွက်ပြေးသွားတာ၊ကျန်ခဲ့တဲ့ရက်ပိုင်းကအမဖြစ်သူကသူ့မောင်ကိုအိမ်ကနေနှင်ချထားတယ်ကြားတယ်၊သူ့ဆိုင်ကယ်နဲ့သူ့မောင်လည်းအဲ့နေ့ညကထဲကပျောက်နေတာ၊အိမ်ထဲကနေအဝင်အထွက်လုပ်တဲ့ပုံတွေလည်းCCTVကနေရထားတယ်” လို့ သူကပြောပါတယ်။သေဆုံးခဲ့သူ အလောင်းတွေကိုတော့ ဖေဖော်ဝါရီ၂၁ရက် မနက်၁၀ကျော်အချိန်တွင် ကော့သောင်းမြို့ ရွှေအဏ္ဏဝါနာရေးကူညီမှုအသင်းကားဖြင့် ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပါတယ်။


news-view-count-icon

31