back

ဗြိတိန်လက်ဝှေ့သမား ဒူဘော့စ်နှင့် နယူးဇီလန် နိုင်ငံသား ပါကားတို့ ထိုးမည့် လက်ဝှေ့ပွဲ ဖျက်သိမ်း

Feb 21 • 2:52 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဗြိတိန်လက်ဝှေ့သမား ဒူဘော့စ်နှင့် နယူးဇီလန် နိုင်ငံသား ပါကားတို့ ထိုးမည့် လက်ဝှေ့ပွဲ ဖျက်သိမ်း

ဗြိတိန်လက်ဝှေ့သမား ဒူဘော့စ် အဖျားဝေဒနာခံစားနေရတာကြောင့် လာမယ့် စနေညမှာ ထိုးသတ်မယ့် ဒူဘော့စ်နဲ့ ပါကာတို့ရဲ့ ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒူဘော့စ...

ဗြိတိန်လက်ဝှေ့သမား ဒူဘော့စ် အဖျားဝေဒနာခံစားနေရတာကြောင့် လာမယ့် စနေညမှာ ထိုးသတ်မယ့် ဒူဘော့စ်နဲ့ ပါကာတို့ရဲ့ ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဒူဘော့စ်ဟာ သူ့ရဲ့ IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဆုကို ကာကွယ်ပွဲအဖြစ် ပါကားနဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲနီးကပ်လာချိန်မှာ အဖျား ရောဂါ ခံစားနေရတယ်လို့ ပွဲစီစဉ်တဲ့သူတွေဆီကို ဒူဘော့စ်ဘက်က အကြောင်းကြားလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသက် ၃၃ နှစ်အရွယ် နယူးဇီလန် နိုင်ငံသား ပါကားဟာ စနေညမှာ ကွန်ဂိုနိုင်ငံသား ဘာကိုလီနဲ့ ပြောင်းလဲထိုးသတ်ရတော့မှာ ဖြစ်ပါသည်။


news-view-count-icon

18