ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန် (၄) ၊ ဆရာဦးထွန်းလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သား အင်အား (၁၀၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေသောရုတ်နိုင်ငံသားပိုင် စက်ရုံမှာ အထည်ကြေးတွေကို ပွင့်လင်းမြင်သာစွာ ချမပြဘဲ စံချိန် ပြည့်မီအောင် ချုပ်လုပ်လို့ရလာတဲ့ အထည်ဆုကြေးတွေကို စူပါ၊ leaderက လုပ်အားခခေါင်းပုံဖြတ်ပြီး ယူနေတာကို စက်ရုံဘက်ကို တိုင်ကြားပေမယ့် တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ စက်ရုံအလုပ်သမားတွေထံမှ သိရပါသည်။လုပ်ငန်းခွင်ထဲမှာ ရှောင်တခင်ခွင့်၊ ဆေးခွင့် တိုင်ကြားတာကိုလည်း ခွဲခြားဆက်ဆံတာတွေ လုပ်ဆောင်နေပြီး အော စူပါ။ leader တွေနဲ့ အဆင်ပြေတဲ့သူတွေကိုပဲ ခွင့်တင်ပေးပြီး သူတို့နဲ့ ဆက်ဆံရေး အဆင်မပြေရင် ခွင့်တိုင်လည်း မပေးဘူးလို့ အလုပ်သမားတွေဆီက သိရပါသည်။



