ကွင်းလယ်လူ ဒီဂျောင်ရဲ့ အေးဂျင့်နဲ့ ဘာစီလိုနာအသင်း အကြီးအကဲတို့ တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ ပြီးနောက် စာချုပ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားပါတယ်။ ဒီဂျောင်နဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေပေမယ့် ကစားသမားဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို နွေရာသီမှာ ချမှတ်သွားဖို့ ရှိနေပါတယ်။ နှစ်ဖက်စလုံးဟာ ဆွေးနွေးညှိနှိုင်းမှုကို ရာသီအကုန်ထိ ရွှေ့ဆိုင်း ဒါမှမဟုတ် ကလပ်ရဲ့ အားကစားအခြေအနေ ပိုပြီးရှင်းလင်းတဲ့အချိန်မှာ ပြုလုပ်ဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။



