ရှမ်းပြည်နယ်ဟဲဟိုးမြို့တွင်(၂၁.၂.၂၅)ညနေ ၆ နာရီခန့်ကအနောက်ဘက် ရွှေကံကော်ဆီဆိုင်မှ ဆီထည့်ပြီး အထွက် ကားလမ်းပေါ်အတက်တွင် အနောက်ဘက်မှမောင်းနှင်လာသော အံစာတုံးကားနှင့်တိုက်မိ ဆိုင်ကယ်မောင်းနှင်လာသူ အမှတ် (၁)ရပ်ကွက်နေ မဝင်းပပကျော် (၁၇)နှစ် (စစ်ရှောင်အိမ်ငှားနေသူ) သည် ကားအောက်ထဲဝင်၍ ချိတ်ပါသွား ကားအားဂျိုင့်ဖြင့်မ၍ ဆွဲထုတ်ခဲ့ပြီး ဟဲဟိုးဆေးရုံပို့ဆောင် ဆေးကုသမှုခံယူနေစဥ်အတွင်း ကွယ်လွန် ကျန်ရစ်ရုပ်ခန္ဓာအား နေအိမ်သို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း ဟဲဟိုးမြို့လူမှုကူညီရေးအသင်းထံမှ သိရပါသည်။



