back

ရန်ကုန်မြို့တွင် အပြတ်စနစ်မှ စပေါ်စနစ်ဖြင့် အိမ်ရာတိုက်ခန်းငှားရမ်းမှုပြန်ဖြစ်လာ၍ ယခင်လိုပြဿနာများစွာကြုံနိုင်လာဟုဆို

Feb 21 • 2:37 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် အပြတ်စနစ်မှ စပေါ်စနစ်ဖြင့် အိမ်ရာတိုက်ခန်းငှားရမ်းမှုပြန်ဖြစ်လာ၍ ယခင်လိုပြဿနာများစွာကြုံနိုင်လာဟုဆို

အိမ်ရာတိုက်ခန်းများ ငှားရမ်းရာတွင် ယခင်က ငှားရမ်းခကိုအပြတ်စနစ်ဖြင့်သာ သတ်မှတ်လုပ်ဆောင်ကြသော်လည်း ယခုနောက်ပိုင်းတွင် စပေါ်ငွေဖြင့်ငှားရမ်းသောအခြေအနေမျိုးကို ပြန်...


အိမ်ရာတိုက်ခန်းများ ငှားရမ်းရာတွင် ယခင်က ငှားရမ်းခကိုအပြတ်စနစ်ဖြင့်သာ သတ်မှတ်လုပ်ဆောင်ကြသော်လည်း ယခုနောက်ပိုင်းတွင် စပေါ်ငွေဖြင့်ငှားရမ်းသောအခြေအနေမျိုးကို ပြန်လည်လုပ်ဆောင်လာကြရာ ယခင်ကဲ့သို့သော မလိုလားအပ်သည့် ပြဿနာများစွာကြုံလာနိုင်ကြောင်း ဝါရင့်အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ယခုအခါတွင် စပေါ်စနစ်ဖြင့် ငှားရမ်းရာတွင် အချို့သော ငှားရမ်းသူများမှာ တစ်နှစ်စာငှားရမ်းခကျသင့်နိုင်မည့် ငွေပမာဏကို စပေါ်အဖြင့် သတ်မှတ်ခြင်းများလည်းရှိသည်။ထိုကဲ့သို့ စပေါ်ဖြင့်ငှားရမ်းမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့လယ်ဧရိယာနှင့်ဝေးသော မြို့နယ်များရှိ ရပ်ကွက်များအတွင်း ငှားရမ်းကြခြင်းများလည်းရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 



news-view-count-icon

24