back

ဒဏ်ရာသက်သာလာရန် လီဘရွန်ဂျိမ်းစ် မျှော်လင့်

Feb 21 • 2:23 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဒဏ်ရာသက်သာလာရန် လီဘရွန်ဂျိမ်းစ် မျှော်လင့်

ရာသီလက်ကျန်ကာလအတွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာ သက်သာလာဖို့ မျှော်လင့်ထားတယ်လို့ LA လိတ်ကာ အသင်းသား လီဘရွန်ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။ ကြာသပတေးညက ကစားခဲ့တဲ့ ပို့တ်လန်း...

ရာသီလက်ကျန်ကာလအတွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာ သက်သာလာဖို့ မျှော်လင့်ထားတယ်လို့ LA လိတ်ကာ အသင်းသား လီဘရွန်ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။ ကြာသပတေးညက ကစားခဲ့တဲ့ ပို့တ်လန်းအသင်းနဲ့ပွဲမှာ ဂျိမ်းစ်ဟာ ၃၆ မိနစ်ပါဝင်ကစားပေးနိုင်ခဲ့ပြီး ခြေကျင်း ဝတ်ဒဏ်ရာက နာကျင်လာခဲ့တာပါ။ ခြေကျင်းဝတ် ဒဏ်ရာကို လက်ကျန်ရာသီဝက်အတွင်းမှာ သက်သာအောင် ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်လို့ ပွဲအပြီးမှာ လီဘရွန်ဂျိမ်းစ်က ပြောသွားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ အခုရာသီ လိတ်ကာ အသင်းရဲ့ ၅၄ ပွဲမှာ ပွဲ ၅၀ ပါဝင်ကစား ပေးထားတာဖြစ်ပါတယ်။ ရာသီလက်ကျန်ပွဲတွေမှာတော့ ဂျိမ်းစ်ကို သတိထားပြီး အသုံးပြုသွားရတော့မှာဖြစ် တယ်လို့လည်း လိတ်ကာအသင်းနည်းပြက ပြောသွားပါတယ်။


news-view-count-icon

15