အိမ်ရှင် နီပေါနိုင်ငံ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားကြရမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၂၁)ရက် မွန်းလွဲပိုင်းအချိန်၌ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည့် နီပေါအသင်းနှင့် ဖေဖော်ဝါရီ (၂၃) ရက် ညနေ (၆)နာရီ (၄၅)မိနစ်အချိန်တွင် တတိယအကျော့ပွဲစဥ်အဖြစ် ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။နီပေါ (၄)နိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအတွင်း (၂)ပွဲဆက် ဂိုးပြတ်များဖြင့်အနိုင် ရရှိနေသည့် မြန်မာအသင်းအနေဖြင့် နောက်ဆုံး ဗိုလ်လုပွဲတက်ရောက်နိုင်ရေး အလားကောင်းနေသည့် အသင်းတစ်သင်း ဖြစ်သည်။



