မော်လမြိုင်- ရန်ကုန် အထက်တန်း ရက်ကြို လက်မှတ်များကို ၃ရက်ကြို စနစ်ဖြင့် နေ့စဥ် လက်ကျန်စောင်ရေအလိုက် ခရီးသည်များ သိရှိနိုင်စေရန် ၃ရက်ကြို၊ ၂ရက်ကြို၊ ၁ ရက်ကြို ဘုတ်များဖြင့် အသိပေးကြေညာထားသည်ဟု ဆိုသည်။ထို့ပြင် ရထားလက်မှတ်ခနှုန်းထားများလည်း ခရီးသည်များ သိရှိစေရန်အတွက် လော်စပီကာဖွင့်၍ ကြေညာပေးကြောင်း ထုတ်ပြန်ထားသည်။



