ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်အွန်လိုင်ငွေလိမ်ဂိုဏ်းများတွင် ပါဝင်ပတ်သတ်သည်ဟု ယူဆရသည့် တရုတ်နိုင်ငံသား ၅၀၀ ဦးကို မြဝတီ မှ ထိုင်နိုင်ငံဘက်သို့ နယ်စပ်ချစ်ကြည်ရေး အမှတ် (၂) တံတားမှတဆင့် နှစ်ရက်ခွဲ၍ စစ်ကောင်စီက လွဲပြောင်းပေးခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံ၊ မဲဆောက်လေဆိပ်တဆင့် တရုတ်နိုင်ငံ၊ နန်ကျင်းလေဆိပ်ကို ခရီးသည်တင်လေယာဉ် China Southern Airlines ဖြင့် တစ်ခေါက်လျှင် ၅၀ ဦးရေ နှင့် လုံခြုံရေး ၁၀၀ ဝန်းကျင်လိုက်ပါပြီး လွဲပြောင်းပေးလျက်ရှိသည်။



