မြန်မာသံရုံး ( တိုကျို ) အနေနဲ့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကောင်စစ်ဝန်ဆိုင်ရာ ကိစ္စတွေနဲ့ နိုင်ငံကူးလက်မှတ် ကိစ္စတွေကို ဆောင်ရွက်ပေးနေရာမှာ လူကိုယ်တိုင် လာရောက်လျှောက်ထားသူတွေ များပြားနေလို့ Online Appointment စနစ်ကို ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၁ ရက်က စတင်ပြီး ကျင့်သုံးခဲ့ပြီးအဲ့ဒီ့Online Appointment စနစ်ကို ရက်ချိန်းရယူထားပြီး အလုပ်အားလပ်မှု မရှိတဲ့သူတွေအတွက် သံရုံးကို လူကိုယ်တိုင် မလာရောက်နိုင်ပါက မိသားစုဝင်တစ်ဦးဦးဖြစ်စေ ၊ အသိမိတ်ဆွေတစ်ဦးဦးဖြစ်စေ ကိုယ်စားလှယ်လွှဲစာနဲ့ လာရောက်လျှောက်ထားတာကို သံရုံးက ဖြေလျှော့ခွင့်ပြုပေးခဲ့ပါတယ်။ အွန်လိုင်းလျှောက်ထားမှုစနစ် အပေါ် ကိုယ်ကျိုးရှာကာမသမာမှုပြုကြတဲ့သူတွေ ကြောင့်ကိုယ်တိုင်ဆောင်ရွက်လိုတဲ့ မြန်မာနိုင်ငံသားတွေက ရက်ချိန်းယူရာမှာ အခက်အခဲတွေ ဖြစ်နေတာကို တွေ့နေရတဲ့အတွက် သံရုံးအနေနဲ့ မိမိအကျိုးစီးပွားအတွက် Online Appointment ကြိုတင်ရယူထားတဲ့ သံသယရှိသူတွေရဲ့ Appointment တွေကို စနစ်တကျ စိစစ်ပြီး ပယ်ဖျက်နေပြီးအခုလို ပယ်ဖျက်ရာမှာ ကိုယ်တိုင်လျှောက်ထားဖို့ ဆောင်ရွက်ထားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ Appointment တွေ ပါရှိသွားပါက အချက်အလက် အပြည့်အစုံ တင်ပြပြီး သံရုံးမှာ လူကိုယ်တိုင် လျှောက်ထားနိုင်မယ်လို့သိရပါသည်။



