အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တောင်ပိုင်းမှာ ဘတ်စ်ကားသုံးစီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒါဟာ သံသယဖြစ်ဖွယ်ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ အစ္စရေးရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ တခြားဘတ်စ်ကားနှစ်စီးမှာတော့ ဖောက်ခွဲ ရေးပစ္စည်းတွေ အ သွားတဲ့အတွက် ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ အစ္စရေး ရဲအင်အားအများအပြား ရောက်ရှိနေပြီး သံသယရှိသူတွေကို လိုက်လံ ရှာဖွေ နေပါတယ်။ ဖြစ်စဉ်ကြောင့် ဖောက်ခွဲရေးပစ္စည်းတွေကို စိစစ်ရှာဖွေနိုင်ဖို့ နိုင်ငံတစ်ဝန်းက ဘတ်စကားတွေ၊ ရထားတွေနဲ့ လူစီးအပေါ့စား ရထားတွဲတွေကို အသွားအလာ ရပ်နားထားလိုက်ပါတယ်။ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အစ္စရေး ရဲတပ်ဖွဲ့မှ ပြောကြားထားသည်။



